(၆၂)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေး

တောင်ကြီး ၂  ဒီဇင်ဘာ  

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၂)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

 

ေ

 

အခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။ (၆၂)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၉)၏ ဆုံးဖြတ်ချက်များကို အခမ်းအနားမှူးက ဖတ်ကြားတင်ပြသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီ၊ကွင်းပြင်ဆင်ရေးနှင့်အခမ်းအနားပြင်ဆင်ရေးကော်မတီ၊ဖိတ်ကြားရေးနှင့်ကြိုဆို နေရာချထားရေး ကော်မတီ၊ပြိုင်ပွဲဝင်များ စိစစ်ရေး၊ အချက်၊ အကျောညှိနှိုင်းရေးနှင့်ပြိုင်ပွဲစည်းကမ်း ထိန်းသိမ်းရေးကော်မတီ၊အတွဲဇယားရေးဆွဲ စိစစ်ရေးဆပ်ကော်မတီ၊ဒိုင်လူကြီးဆပ်ကော်မတီ၊ ရိုက်ချက်မှတ်တမ်းဆပ်ကော်မတီ၊ခုံသမာဓိအဖွဲ့၊ပြန်ကြားရေး၊မှတ်တမ်းတင်ရေး၊ ဓါတ်ပုံရိုက်ကူးရေးကော်မတီ၊ဧည့်ခံရေး၊ညစာစားပွဲကျင်းပရေးနှင့်ဖျော်ဖြေကော်မတီ၊ကျန်းမာရေးနှင့်ဆေးအကာအကွယ်ဆောင်ရွက်ရေးကော်မတီ၊ကယ်ရီစိစစ်ကြီးကြပ်ရေးကော်မတီ၊လုံခြုံရေး ကော်မတီ၊ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ၊ တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက်တင်ပြဆွေး နွေးခဲ့ကြသည်။ ဆွေးနွေးတင်ပြချက်များကို ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးထွန်းက ဆုံးချက်များချက်မှတ်ပေးပြီး၊၁၉-၁၂-၂၀၁၉မှ၂၂-၁၂-၂၀၁၉ ရက်နေ့အထိပြိုင်ပွဲကိုကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း(၆၂)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြားပါလို့နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

(၆၂)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အေးသာယာဂေါက်ကလပ်၊ တောင်ကြီးဂေါက်ကလပ်မှတာဝန်ရှိသူများနှင့် ဖတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)