နေပြည်တော်  ၂၈  ဖေဖော်ဝါရီ

အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် (၆၄)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

 

mdn

 

ဗိုလ်လုပွဲစဉ်များအဖြစ် လှံတန်ပစ်၊ အလျားခုန်၊ မီတာ(၄၀ဝ)တန်းကျော်ပြေး၊ မီတာ (၁၅၀ဝ)၊ မီတာ(၁၀ဝ)၊ မီတာ(၄၀ဝ ×  ၄) လက်ဆင့်ကမ်း အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။

ဆက်လက်၍ အမျိုးသမီး မီတာ(၃၀ဝ၀)တားဆီးကျော်ပြေးပြိုင်ပွဲနှင့် အမျိုးသားကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတို့တွင် စံချိန်သစ်တင်နိုင်ခဲ့ကြသူများကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ဦးကျော်ကျော်ဦးတို့က ပေးအပ်ကြသည်။

 

mdn

 

ထို့နောက် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၁၃)ခု၊ ကြေးတံဆိပ်(၇)ခုဖြင့် အမျိုးသမီး တံခွန်စိုက် ဆုဖလားရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၉) ခု၊ ကြေးတံဆိပ် (၆) ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအသင်းနှင့် ရွှေတံဆိပ် (၁၃)ခု၊ ငွေတံဆိပ်(၁၆)ခု၊ ကြေးတံဆိပ်(၁၀)ခု ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ဆုများကို ပေးအပ်ကြသည်။

(သတင်းစဉ်)

 

mdn