ဖလမ်း ၂၂ ဇန်နဝါရီ
၆၆ ကေဗွီ ဂန့်ဂေါ-ဟားခါး ဓာတ်အားလိုင်း တိုင်အမှတ်-၁၃၉ Diversion လုပ်ငန်းကို ဓာတ်အားပိတ်၍ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များ၌ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်ကြောင်း ဖလမ်းမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၃ ရက် နံနက် ၆ နာရီမှ ဇန်နဝါရီ ၂၅ ရက် ညနေ ၅ နာရီထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည်။
ဓာတ်အားပြတ်တောက်မည့် အခြေအနေများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက ဖလမ်းမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးထားကြောင်း သိရသည်။
ဂျွန်( ပြန်/ဆက် )