ရန်ကုန် အောက်တိုဘာ ၂၈
ဓာတ်အားသုံးစွဲသူအများ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ သစ်ပင် သစ်ကိုင်း များကြောင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ ဓာတ်အား ပျေက်ဆုံးမှု လျော့နည်းကျဆင်း စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်၊ လှိုင်မြို့ နယ်၊ အေးရိပ်မွန်လမ်းနှင့် စကားဝါလမ်းတစ်လျောက်တွင် 6.6 kV မြကန်သာ-စကားဝါလမ်း ဖီဒါနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်၍ လှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်းများ စုစုပေါင်း ဝန်ထမ်း အင်အား ၃၅ ဦး၊ လုပ်ငန်းသုံးယာဉ်တစ်စီး၊ ပလက်ဖောင်းထရပ်ယာဉ်တစ်စီး၊ အမှိုက်သယ်ယာဉ် တစ်စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(ကိုကိုဇော်)


