လွိုင်ကော် ၂ ဇန်နဝါရီ
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် လွိုင်ကော်မြို့ ကန္ဒာရဝတီ ပွဲတော်ကွင်းတွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်နေ့ ပွဲတော်အခမ်းအနားတွင် ဗဟိုပြခန်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ၏ ပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲများ၊ ထိုင်းကုန်စည်ပြပွဲနှင့် အရောင်းပြခန်းများ၊ ဈေးဆိုင်ခန်းများ၊ ကန္ဒာရဝတီ အလှမယ်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲနှင့် အခြားရိုးရာ အားကစား နည်းမျိုးစုံပြိုင်ပွဲများ၊ ဇန်နဝါရီလ (၁၀၊ ၁၁၊ ၁၂) ရက်နေ့များတွင် ရွှေမဟာ ဇာတ်သဘင်ဖြင့် လည်းကောင်း၊ (၁၃၊ ၁၄၊ ၁၅) ရက်နေ့များတွင် ရွှေထိပ်တင် ဇာတ်သဘင်ဖြင့် လည်းကောင်း၊ ကျန်ရက်များတွင် New Five Star အဖွဲ့၊ မေတ္တာ၊ ပွမ်ပွမ် စသည့် ဟာသလူရွှင်တော်များဖြင့် ပွဲတော်ကာလ တစ်လျှောက်လုံး အခမဲ့ ဖျော်ဖြေပေးသွားမည် ဖြစ်သည်။
နိုင်ငံကျော် အနုပညာရှင်များစွာ ပါဝင်သည့် အင်ပါယာ တေးဂီတအဖွဲ့မှ ဇန်နဝါရီ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် The Three Brand ၊ (Iron Cross) တေးဂီတအဖွဲ့၏ Free Show ၊ စတိတ်ရှိုးပွဲများ၊ အခြား ပျော်ပွဲရွှင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
MDN