ရန်ကုန် ၉ ဒီဇင်ဘာ
No Plastic Campaign - South Okkalapa အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက် လှုပ်ရှားမှုကို ဒီဇင်ဘာ ၈ ရက်နေ့က (၆၇)ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) ရပ်ကွက် ကျော်သူလမ်းအား မြို့နယ်သူမြို့နယ်သားများ၊ ပရဟိတ ညီအစ်ကိုမောင်နှမများ၊ လူမှုကူညီရေး အဖွဲ့သားများဖြင့် စုပေါင်း၍ အမှိုက်ကောက်လှုပ်ရှားခဲ့သည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၁၅ ရက်(တနဂ်နွေနေ့)တွင် (၆၈) ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက် လမ်းများအား အမှိုက်ကောက် လှုပ်ရှားမည်ဖြစ်ကြောင်း သိရသည်။

နေထက်အောင်