လွိုင်ကော်   ၁၀  ဇန်နဝါရီ    

 

ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၇)နှစ်မြောက်ကယားပြည်နယ်နေ့ ပွဲတော်အား ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ (၆၇) နှစ်မြောက်၊ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ စာတိုက်ဝိုင်းအနီးရှိ ပွဲတော်မုခ်ဦး၌ ကျင်းပခဲ့သည်။

 

1

 

မုခ်ဦးဖွင့်ပွဲ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ဇနီး ဒေါ်မြင့်မြင့်မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ပြည် နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူများ စုံလင်စွာ တက်ရောက်ကြသည်။

 

2


၂၀၁၉ ခုနှစ် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ 

 

4

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကယားဒေးကွင်းရှိ ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားလုပ်ငန်းရှင်များ ပြသထားသည့် ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။ 

 

ကယားပြည်နယ်နေ့အား ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်မှ စတင်ကျင်းပ ပြုလုပ်လာခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် (၆၇)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယခု (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အား ၁၀ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော် တွင် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲများ၊ ရိုးရာ အားကစားပြိုင်ပွဲများ၊ နာမည်ကျော် တေးသံရှင်များဖြင့် တေးဂီတ ဖျော်ဖြေပွဲများ၊ အားကစားပွဲများ၊ ဈေးဆိုင်တန်း များပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း(လွိုင်ကော်)