ဘားအံ နိုဝင်ဘာ ၃

 

ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့်အမှတ်(၉) ရပ်ကွက်တို့ကို ဆက်သွယ်ထားပြီး ၂၄ ပေအကျယ်၊ ၆ လက်မထုရှိ၍ ကွန်ကရစ်တံတားတစ်စင်း၊ (၄ပေ) အချင်း ရေပြွန် (၂) စင်းတို့ပါဝင်ကာ စုစုပေါင်းကုန်ကျငွေ ၂၄၄ သန်း အကုန်အကျခံ တည်ဆောက်ခဲ့သည့် မန်းနဲစန် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ စတင်ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် အညီ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ၏ ရေမြေသဘာဝ သယံဇာတ အရင်းအမြစ်များအပေါ် မူတည်၍ စီမံကိန်းများ စနစ်တကျရေးဆွဲချမှတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် မန်းနဲစန်လမ်းသည် ကွန်ကရစ်လမ်း တစ်လမ်းဖြစ်ပြီး တက္ကသိုလ်ပရဝုဏ်နှင့် ဆက်စပ်သည့် လမ်းပေါ်တွင် တည်ရှိသည့်အတွက် ကျောင်းသား/သူများနှင့် ခရီးသွားပြည်သူများ ကန်သာယာသို့လွယ်ကူစွာ လာရောက်အပန်းဖြေ အနားယူနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည် သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားစေရန် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မန်းနဲစန်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် လာရောက်ကပြဖျော် ဖြေကြသည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံး အဖွဲ့ကို ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)