နေပြည်တော် နိုင်ဝင်ဘာ ၇
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲတွင် ကရင်ပြည် နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ချီးမြှင့်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုး သားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော်/ကရင် အမျိုးသား အစည်းအရုံး(ငြိမ်းချမ်းရေး ကောင်စီ) KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ် (BGF)တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ သဘာပတိအဖွဲ့ဝင်များနေရာယူအပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကို အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင် က 90 W ဆိုလာ အစုံ၁၀၀ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Outdoor Fitness ၁၀ စုံ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ကြသည်။
ဆက်လက်၍ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန် ကြီး ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦး၊ ကရင် အမျိုးသားအစည်းအရုံး(KNU) ဒူးပလာ ယာခရိုင် ဥက္ကဋ္ဌပဒိုရွှေမောင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌပဒို အောင်မော်ဧ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ ကရင်ပြည် နယ်ဝန်ကြီးချုပ် (ငြိမ်း)ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစောအောင်ပွင့် တို့က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင် က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးအား စက်ခလုပ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလက်နက် ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အနေဖြင့် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာစည်ပင်ဝပြောပါစေကြောင်း (၃)ကြိမ်ရွတ်ဆိုကြွေးကြော် (ဆုတောင်း)၍ ငြိမ်းချမ်းရေးဂျိုးဖြူငှက်(၆၇)ကောင်ကို လွှတ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အခမ်း အနားသို့ တက်ရောက်လာသော တိုင်းရင်းသားပြည်သူ များက ဒေသဖွံ့ဖြိုးရေးဌာန ဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက် ကုန်အရောင်း ပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ (၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ ပြပွဲပြိုင်ပွဲများပြုလုပ်ပေးခြင်းသည် ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၏ ပြယုဒ်တစ်ခုဖြစ်သကဲ့သို့ ဒေသခံတောင် သူများအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် အုပ်စု(၄)စု ခွဲခြားထားပြီး သီးနှံ အမျိုးအစားပေါင်း ၄၀ ခန့်လာ ရောက်ယှဉ်ပြိုင်ကြကြောင်း၊ တန်ဖိုးမြှင့် သီးနှံများ ဈေးကွက် အလား အလာရှိသည့်သီးနှံများကို ထုတ်လုပ်နိုင်မှသာ ဒေသတွင်းဝမ်းစာ ဖူလုံပြီး ပိုလျှံသည် များကိုရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး တို့က ငှက်ပျော၊ သင်္ဘော၊ ပိန္နဲ၊ ကျွဲကော၊ မာလကာ၊ ပီလောပီနံ၊ ရွှေဖရုံ၊ နာနတ်၊ ပဲလင်းမြွေ၊ အုန်း သီးနှံပထမဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်