လွိုင်ကော် ၁၂ ဇန်နဝါရီ
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ပြည်နယ်မီးသတ် ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ပြည်နယ်မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြကြိုင်က အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်း ပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုမင်းဇော်၊ ဒုတိယဆုရရှိသော ကိုချန်ထွန်း၊ တတိယဆုရရှိသော ကိုကြီး တို့အား လည်းကောင်း၊ လွိုင်ကော်ခရိုင်မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်းက မြန်မာ့ရိုးရာစစ်တုရင် အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုကြီး၊ ဒုတိယဆုရရှိသော ကိုသိန်းဇော်၊ တတိယဆုရရှိသော ကိုချန်ထွန်း တို့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ လူသစ်တန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ဟိန်းအောင်၊ ဒုတိယဆုရရှိသော ခူးထဲခူး၊ တတိယဆုရရှိသော သူရအောင်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား လူငယ်(၁၆)နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မိုင်းညီထက်အောင်၊ ဒုတိယဆုရရှိသော ဇွဲထက်အောင်၊ တတိယဆု ရရှိသော ဘုန်းပြည်စုံကိုကို၊ နှစ်သိမ့်ဆုရရှိသော ဆလိုင်းဗန်နှုံးလျှံနှင့် ထွန်းထက်အောင်၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီး လူငယ်(၁၆)နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မရိုစီထူးထက်၊ ဒုတိယဆုရရှိသော မနန်းစန္ဒာကူး၊ တတိယဆုရရှိသော မယူဖရေးဇီးယား၊ နှစ်သိမ့်ဆုရရှိသော မနှင်းယုနန္ဒာထွန်း နှင့် မသီတာစိုး တို့အား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီးနောက် ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြကြိုင် က (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သော မြန်မာ့စစ်တုရင် လက်ရွေးစင် ဦးသန်းဝင်း(နေပြည်တော်)အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
အဆိုပါ စစ်တုရင်ပြိုင်ပွဲကို အကြီးတန်းပြိုင်ပွဲတွင် ကစားသမား ၁၀ ဦး၊ လူသစ်တန်းပြိုင်ပွဲတွင် ကစားသမား ၈ ဦး၊ လူငယ်တန်းပြိုင်ပွဲတွင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထွန်းလေး