ဘောလခဲ ၊   ၁၅   ဇန်နဝါရီ

 

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၌ (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ လူထုအခမ်းအနားကို မြို့အဝင် စောလဖော်ခန်းမ၌ ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက ကျင်းပသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုထံမှ ပေးပို့သော (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ဖတ်ကြားသည်။

 

ဆက်လက်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ ချီးမြှင့်သော ဂုဏ်ထူးဆောင် လက်မှတ်ရရှိ​သည့် ဘောလခဲမြို့ ထာဝရတွဲလက်များ ပရဟိတအသင်းနှင့် ရွှေပရဟိတ လူမှုရေးအသင်းအား ခရိုင်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက အသီးသီး ဖျော်ဖြေကြသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုးရယ်၊ ဦးအေးရွှေ၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အသင်းအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

လှရွှေ

 

mdn