လွိုင်ကော် ၊ ၁၂ ဇန်နဝါရီ
(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်ပေးအပ်ခြင်းကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အမှာစကား ပြောကြားသည်။ ထို့နောက် ခေတ္တဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ပေးအပ်ရာ လူမှုရေးရာထူးချွန်ဆု ပထမအဆင့် နှစ်ဦး၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ဒုတိယအဆင့် ကိုးဦး၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့် ၇၀နှင့် လူမှုရေးဆိုင်ရာ ထူးချွန်ဆု တတိယအဆင့် ၂၀ စုစုပေါင်း ၁၀၁ ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ချီးမြှင့်ပေးအပ်သည်။
အဆိုပါ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


