နေပြည်တော် နိုဝင်ဘာ ၇
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၇) ရက်မှ (၁၁) ရက်ထိ ကျင်းပမည့် (၇) ကြိမ်မြောက် World One Health Congress 2022 နှင့် တီမာဆက်ဖောင်ဒေးရှင်း ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးသို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံအုပ်ကြီး များနှင့်တာဝန်ရှိသူများပါဝင်သော မြန်မာနိုင်ငံမှကိုယ်စားလှယ် (၆) ဦးအဖွဲ့သည် နိုဝင်ဘာ (၆) ရက်တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
အဆိုပါ (၇)ကြိမ်မြောက် World One Health Congress 2022 ညီလာခံနှင့် တီမာဆက် ဖောင်ဒေးရှင်း ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် ကျန်းမာရေးနှင့်ပတ်သက် သည့် ဆေးပညာရပ်များ ညှိနှိုင်းဆွေးနွေးကြမည့်အပြင် နိုင်ငံတကာမှပညာရှင်များနှင့် ဆေးရုံများ ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံများ ဖလှယ်ရမည်ဖြစ်ပါသဖြင့် မိမိနိုင်ငံ၏ ပြည်သူများအတွက် ကဏ္ဍစုံကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် များစွာအထောက်အကူရနိုင်ပြီး အဆိုပါကဏ္ဍများ၌ ပူပေါင်း ဆောင်ရွက်နေသူများကိုလည်း အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်