နေပြည်တော် ၆ စက်တင်ဘာ
(၇၁)နှစ်မြောက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်၌ ကျင်းပသည်။
အခမ်အနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးကျော်တင် နှင့် ဇနီး ဒေါ်လွင်လွင်မှန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီယားဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jong Ho Bom နှင့် ဇနီး၊ သံတမန်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖွင့်လှစ်၍ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကိုရီယားဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jong Ho Bom နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီယားဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Jong Ho Bom နှင့် ဇနီး တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး (၇၁)နှစ်မြောက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
သတင်းစဉ်


