မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စက္ကူခေါက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းက ကျောင်းနေအရွယ် ကလေးငယ်များ ကာယ၊ ညာဏ စွမ်းရည်တိုးတက်မြင့်မားလာစေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံ အသံထွက် မှတ်ကန်စွာ ဖတ်ရှုတတ်စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်း/ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စက္ကူခေါက်နည်းများကို လက်တွေ့ပြသခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ စေတုတ္တမြို့နယ် အမှတ်(၁) အလက(ခွဲ) ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းနှင့် ဝန်ထမ်းများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ သူများကို စာရေးကိရိယာနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)