ဖလမ်း ၁၉ ဖေဖော်ဝါရီ 


(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်ကို ဖလမ်းမြို့ ဟရန်ထီးယိုဘောလုံးကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီက ချင်းရိုးရာအကများ ကပြဖျော်ဖြေခြင်းဖြင့် စတင်ကျင်းပသည်။


ရှေးဦးစွာ သိက္ခာတော်ရဆရာတော် ဒေါက်တာ ဖွန်ဟရန်းအွယ်က အဖွင့်ဆုတောင်းပေးသည်။ ထို့နောက် ဖလမ်းမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ်ထန်းက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖွင့်လှစ်ကြောင်း ကြေညာပြီး မီးရှုးမီးပန်းများအား ပစ်ဖောက်ခဲ့ကြသည်။


ဆက်လက်၍ ဖလမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများ၊ လုံပီး စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများနှင့် ဖလမ်းလူငယ်များက ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ချင်းတိုင်းသားအဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။

ဂျွန်

 

123