နေပြည်တော် ၈ ဇန်နဝါရီ
(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောဝင်းတွင် ဇန်နဝါရီ(၁၀)ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်(MRTV)၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) နှင့် MRTV Facebook တို့တွင် ယင်းနေ့နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)