(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲ ပြိုင်ပွဲ ကျင်းပ

ဓနုဖြူ   ၅  ဇန်နဝါရီ 

 

ဓနုဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ ကလေးပြပွဲ၊ ပြိုင်ပွဲ ဆုပေးပွဲအား ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင်ပြုလုပ်ခဲ့သည်။

 

ဆုပေးရာတွင် ကလေး၏ ကိုယ်အလေးချိန်၊ ဆေးစစ်ဆေးချက်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ သိဉာဏ်ဖွံ့ဖြိုးမှုနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုများဖြင့် အမှတ်လိုက် ဆုပေးခြင်းဖြစ်ကြောင်းသိရပြီး ဆုရရှိသော ကလေးငယ်များအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

အောင်သူဟိဏ်း(ဓနုဖြူ)

 

DSC01138