နေပြည်တော် ၂ ဇန်နဝါရီ
၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီတွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားကျင်းပပုံများကို နံနက် ၆ နာရီ မိနစ် ၄၀ မှစတင်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)