၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
 
ညှိနှိုင်းအစည်းအဝေးတွင် သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူး ဒေါက်တာသိန်းဝင်းက  ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 
 
ယင်းနောက် တက်ရောက်လာကြသူများက သဝဏ်လွှာကို ညှိနှိုင်းဆွေးနွေး အတည်ပြုကြသည်။ 
 
(မောင်မင်းနိုင်)