ငါ့သရောက် ၁၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Center)ခန်းမတွင် ဇူလိုင် ၁၈ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများအား ခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းသုံးကျောင်းမှ ဆုရရှိကြသူများကို ဆုများ ပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
(၇၂)နှစ်မြောက်အာဇာနည်နေ့ အကြိုပြိုင်ပွဲများအား ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကန်သာယာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဆည် အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၀ဝ)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရပြီ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများအား သုံးကြိမ်ခွဲကာ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


