ပုသိမ်  ၁၈   ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်၂၀၁၉ ခုနှစ်  (၇၂)နှစ်မြောက် အာဇာနည်နေ့ပြခန်းကိုမြို့တော်ခန်းမတွင် ဇူလိုင် ၁၈ ရက် နှင့် ၁၉ ရက်နေ့များတွင် ပြည်သူများအား ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ယခုနှစ်တွင် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု ရှားပါး မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေစဉ်မျိုးဆက် ဇယားမှတ်တမ်းများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများ၊ (၇၁) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တိုင်းဒေသကြီးအတွင်း (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှု ဓာတ်ပုံများ၊၎င်းအပြင် မြို့တော်ခန်းမ၏ အပြင်ဘက်တွင်လည်း အာဇာနည်ကိုးဦး၏ ရုပ်တုများကိုလည်း ပြသထားသည်။

အဆိုပါ အထိမ်းအမှတ်ပြခန်းကို နံနက် ၈ နာရီမှ ညနေ ၅ နာရီ ထိပြသထားမှာဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- မောင်မောင်မြင့် (ပြန်/ဆက်)

 

mdn