ငဖဲ ၇ ဖေဖော်ဝါရီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ လင်းတဲကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ (၂၀) ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် (ကျား၊မ) အားကစားပြိုင်ပွဲများ၊ ချင်းတိုင်းရင်းသား ကလေးငယ်များအား ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀ ရက်နေ့တွင် အရှိုချင်းတိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် အကများ၊ ချင်းတိုင်းရင်းသားရိုးရာနှင့် သဘာဝအလှကို ဖော်ကျူးစပ်ဆိုထားသော သီချင်းများဖြင့် သီဆိုဖျော်ဖြေ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)