ကော့သောင်း  ၂၄  ဒီဇင်ဘာ

 

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မူလတန်းကြိုအဆင့် ကျောင်းသား/ ကျောင်းသူကလေးများ၏ ကဗျာရွတ်ပြိုင်ပွဲအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့သည်။

 

mdn

 

ရှေ့ဦးစွာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ထိုနောက် ကဗျာရွတ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အေးရိပ်ငြိမ်ရပ်ကွက်၊ မေနိုဘယ် ကိုယ်ပိုင်မူလတန်းကြို ကျောင်းသားကျောင်းသူများက မိမိကြိုက်နှက်သက်ရာ ကဗျာများနှင့် ပါဝင်ရွတ်ဆိုယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများက စိစစ်အကဲဖြတ် အမှတ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုလက်ဆောင်ပစ္စည်းများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)

 

mdn