မြဝတီ ၈ ဇန်နဝါရီ
ကရင်ပြည်နယ် မြဝတီခရိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူကြိုအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲကို မူကြိုအဆင့် ကျင်းပခြင်းဖြစ်ကာ မြဝတီမြို့နယ်အတွင်းမှ မူကြိုကျောင်း ၈ ကျောင်းမှ မူကြိုကလေးငယ် ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အလှူရှင် ဦးမျိုးအောင်၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေး၊ မေတ္တာရင်ခွင်မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်တို့က ဆုများချီးမြှင့် ပေးကြောင်းသိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)
