တပ်ကုန်း ၂၀ ဒီဇင်ဘာ
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် (Star Crown) မူလတန်းကြိုကျောင်းတို့ ပူးပေါင်းကျင်းပသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မူကြိုအဆင့် ကာယစွမ်းရည်နှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။
ကာယဗမောင်ပြိုင်ပွဲတွင် ကျောင်းသား (၅၁) ဦး၊ ဂိမ်းကစားပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၅) ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် စာကြည့်တိုက်လက်ထောက် /၃ ဒေါ်နှင်းယုအေး၊ မြို့နယ်စာအုပ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဉက္ကဋ္ဌ ဦးထွန်းကြည်၊ (Star Crown) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ဇင်ဝေဝေဖြိုးတို့က ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်းလာစေရန်၊ ကိုယ်နှုတ်အမူအရာ သွက်လက်ချက်ချာမှု ရှိလာစေရန်၊ ကောင်းမွန်သော ယှဉ်ပြိုင်လိုသည့်စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ အတွေးအခေါ် မြင့်မားလာစေရန်၊ တီထွင် ဖန်တီးလိုစိတ်များ ထက်သန်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်း ရရှိစေရန်ရည်ရွယ်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ် ရုပ်ပုံပြစာဖတ်ပြခြင်း၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် ပြိုင်ပွဲများဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်