အုတ်ဖို ၁၉ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွင် ယနေ့ နံနက်ပိုင်းက (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက လွမ်းသူပန်းခွေချ အလေးပြုကာ ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ် ငြိမ်သက်စွာ ဂါရဝပြုခဲ့ကြသည်။
ဆက်လက်၍ မြို့တော်ခန်းမတွင် (၇၂) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောပြိုင်ပွဲကို ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ (၂၃) ဦးဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အောင်သူဆွေ(ပြန်/ဆက်)


