ကွန်ဟိန်း ၁၅ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မမေ့သင့်မမေ့အပ်သည့် နေ့ရက်များအား အစဉ်သတိရနေစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအား သိရှိလာစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲအား ယနေ့နံနက်ပိုင်းက အ-မ-က(သိန်းဖျံ)နှင့် အ-မ-က(၃)ကျောင်းများသို့ သွားရောက်၍ ပြသခဲ့သည်။
အဆိုပါ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့် က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းများ၊ ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။
ယင်းနောက် ပြသထားသော နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြခန်းများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ သိရသည်။
MDN


