အထက်မင်းလှ ၁၃ ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၄၆)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၂၂)ဦး၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ(၂၂)ဦး စုစုပေါင်း(၉၀)ဦး ဝင်ပြိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်အား "(၇၂)နှစ်မြောက်အာဇာနည်နေ့နှင့် ယနေ့လူငယ်များ"၊ အလယ်တန်းအဆင့်အား "အာဇာနည်နေ့တို့မမေ့"၊ မူလတန်းအဆင့်အား "အာဇာနည်နေ့" ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတွင် ဆုရသူများအား (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)