ဘားအံ ၁၅ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးဆောင်ရွက်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို ဇူလိုင်(၁၅)ရက်နေ့၊ နံနက်(၉)နာရီက စတင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလှူဒါန်းရာတွင် ဘားအံတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ဘားအံနည်းပညာတက္ကသိုလ်၊ သူနာပြုသားဖွားသင်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် လှူဒါန်းကြရာ ဘားအံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်၊ ရောဂါဗေဒရှာဖွေရေးဌာနမှ ဒေါက်တာ ဘုန်းမိုးဝင်းတို့ ဦးဆောင်သော ကျန်မာရေးဝန်ထမ်းများက လိုအပ်သောဆေးစစ်ဆေးမှုများပြုလုပ်ပေးကြပြီး စုပေါင်း သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါသွေးလှူဒါန်းမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား အဟာရဖြည့်စွက် အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


