လွိုင်ကော် ၁၆ ဇူလိုင်

၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အကြို စာပေဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။ 

 

6

 

ရှေးဦးစွာ “အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း” တေးသီချင်းဖွင့်၍ အခမ်းအနားဖွင့်လှစ်ပြီး စာရေးဆရာများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားကာ စာရေးဆရာ အော်ပီကျယ်မှ ညာသံသရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ မောင်သာချိုမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ပြီး ပညာဉာဏ် ပြည့်ဝရန် လိုအပ်ပုံများကိုလည်းကောင်း ဟောပြောကြသည်။

 

9

 

ထို့နောက် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်တို့က စာရေးဆရာတို့အား ဂါဝရပြုလက်ဆောင်ပေးအပ်ချီးမြှင့်၍ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းဗီဒီယိုပြသကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသူများက နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။ 

 

10

 

အဆိုပါ စာပေဟောပြောပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လွိုင်ကော်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာပေဝါသနာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်ကော်သား