သံတောင်ကြီး  ၁၈    ဇူလိုင် 

 

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး နော်လော်မူက  ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဇူလိုင်လ (၁၉)ရက်နေ့၌ ကျင်းပပြုလုပ်မည့် အာဇာနည်နေ့အကြောင်း သိကောင်းစရာဗဟုသုတများကို ပြောကြားပေးခဲ့သည်။

 

received

 

ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲတွင် သံတောင်ကြီး အထကမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၉ ဦး၊  ကဗျာရွတ်ပြိုင်ပွဲတွင် (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုရကျောင်းသား ကျောင်းသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် (အထက) ကျောင်းမှ ဆရာမများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း  မြို့နယ် (ပြန်/ဆက်)မှ သိရသည်။

 

MDN

 

received_44