ရေနံချောင်း ၁၉ ဇူလိုင် 


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အထမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။


အဆိုပါကဗျာရွတ်ဆိုပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တမ်းတသောအားဖြင့် ရေနံ့သာစနေကဗျာဝိုင်းမှ ကဗျာဆရာများက ရေးဖွဲ့ထားသော အာဇာနည်နေ့တို့မမေ့၊ ရာဇဝင်ထဲကလူသား၊ မမေ့အပ်ပြီဒို့ဇာနည်၊ အောက်မေ့သတိရလျက် စသည့်အာဇာနည်နေ့နှင့် ပတ်သက်သော ကဗျာ ၃၀ ပုဒ်ကို ရွတ်ဆိုခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး

 

ge IMG_