နေပြည်တော် ၈ ဇန်နဝါရီ 

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။ 

အဆိုပါအခမ်းအနား ကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်(MRTV) ၊ MITV ၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC)၊ မြန်မာ့အသံရေဒီယိုအစီအစဉ်၊ Myanmar State Counsellor Office Facebook page ၊  NRPC Facebook Page၊ Ministry of information Facebook Page ၊  MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့တွင် အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်