လေးမျက်နှာ ၃ ဇန်နဝါရီ
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာနမှ လစဉ်ဆောင်ရွက်လျက်ရှိသော ပြပွဲ၊ ပြိုင်ပွဲများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အ-လ-က(လေးမျက်နှာ)ကျောင်းမှ ဆရာမဒေါ်သင်းသင်းမြတ်က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာစီစာကုံးပြိုင်ပွဲကို "လွတ်လပ်ရေးနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် လေးမျက်နှာမြို့ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဇန်နဝါ ရီ ၃ ရက်နေ့တွင် မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)