စလင်း ၄ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာရှိ အ.ထ.က(လင်းဇင်း) ဘောလုံးကွင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မျိုးနွားသိုးပြပွဲ၊ ပြိုင်ပွဲ၊ နွားအလှပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

           

အဆိုပါပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပခြင်းဖြစ်သည်။ အညာဒေသသည် ပူပြင်းပြီး အပူဒဏ်ခံနိုင်သောနွားများကိုသာ လယ်ယာလုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျအသုံးပြုကြသည်။ ခေတ်မီစက်ကိရိယာများ အသုံးပြုနေပြီ ဖြစ်သော်လည်း ရှေးအစဉ်အဆက် မိရိုးဖလာသုံးစွဲခဲ့သော နွားများကိုပစ်ပယ် မရသေးသဖြင့် နွားများကို အဓိကထားမွေးမြူကြသည်။

 

mdn

           

တောင်သူများအနေနဲ့ မိုးစပါးအတွက် လယ်ယာလုပ်ငန်းခွင် မဝင်မီကာလတွင် ရိုးရာယဉ်ကျေးမှု မပျောက်စေရန် နွားများ၏စွမ်းရည်၊ နွားမောင်းသူ၏ စွမ်းရည်၊ နွားကောင်းများ၏ ကြန်အင်လက္ခဏာနှင့် နွား၏ အဝအလှ ပြသရန် မြန်မာ့နွားသိုးအလှ အချောပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။

 

mdn

           

မြန်မာ့နွားသိုး အလှအချောပြိုင်ပွဲကို သတ်မှတ်အချက်များဖြင့် အမှတ်ပေး၍ နွားကြီး၊ နွားလတ်၊ နွားငယ်ဟူ၍ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။

 

mdn

           

ပြိုင်ပွဲဆုရ မြန်မာ့နွားသိုးအလှများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ မောင်မောင်တိုး၊ မင်းဘူးခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ကျော်မိုး၊ စလင်းမြို့နယ်ဦးစီးမှူး ဒေါက်တာအောင်သူရတို့မှ ဆုများအသီးသီး ပေးအပ်ခဲ့သည်။

 

သန်းမြင့်(ပြန်/ဆက်)

 

mdn