ကျောင်းကုန်း ၂ ဇန်နဝါရီ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စံပြမိခင်နှင့် ကလေးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲက ကျင်းပခဲ့သည်။

 

စံပြမိခင်နှင့် ကလေးပြိုင်ပွဲတွင် ကလေး၏ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ သတ်မှတ်သည့် လအတိုင်း ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စစ်ဆေးခြင်း ကျန်းမာရေးဗဟုသုတ မေးမြန်းခြင်းတို့ဖြင့် စစ်ဆေးကာ အမှတ်ပေးခဲ့ကြ သည်။

 

5

 

ထို့နောက် ဆုပေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သဲမာထွေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ဘဝရှေ့ဆောင် ရက် ၁၀ဝ၀ ကိုယ်ဝန်ဆောင်ချိန် သန္ဓေသားအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မွေးဖွားပြီးချိန်မှ အသက်(၂)နှစ်အထိ အစာအာဟာရများ၊ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသောအရာများကို ပြောကြားကာ အမှတ်ပေးစည်းမျဉ်းစည်းကမ်းကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ပြိုင်ပွဲ အမျိုးအစားများမှာ မွေးစမှ ခြောက်လ၊ ခြောက်လမှ တစ်နှစ်၊ တစ်နှစ်မှ နှစ်နှစ်အထိ ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် စံပြမိခင်ဆုတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)