မိုးမိတ်   ၂၃  ဒီဇင်ဘာ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူကြိုအဆင့်  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲသို့ မိုးမိတ်မြို့ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ကလေးငယ် ၁၅ ဦး ဝင်ရောက်ပြိုင်ခဲ့ပြီး ဆုရ မူကြိုကလေးငယ်များကို စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲကို ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေရန်နှင့် ထူးချွန်ထက်မြတ်သော အလေ့အကျင့် ကောင်းများရရှိရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)