အိမ်မဲ ၁၁ ဒီဇင်ဘာ     

 

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နယ်လှည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ နာရီက အ.မ.က-ကျုံခရီပိုင်းကျောင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်း၀င်းတို့က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ  စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကာ  မူးယစ်ဆေးဝါးအန္တရာယ်၊  လူကုန်းကူးမှု အန္တရာယ်များ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့သည်။

 

အဆိုပါ  အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး ပြခန်းများကို ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ   စုစုပေါင်း ၁၆၀ ကျော် တက်ရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

 

ဌေးဌေးလှိုင်(ပြန်/ဆက်)