ရွှေတောင် ၃ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးတန်ဖိုး ချစ်မြတ်နိုးခေါင်းစဉ်နှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် ဆုရကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။     

                         

ကိုကိုမင်း(ပြန်/ဆက်)