မြစ်ကြီးနား ၃ ဇန်နဝါရီ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် စေတနာ့သွေးသန့်သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲ ကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပပြုလုပ်သည်။
စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သွေးလှူဒါန်းပွဲအတွက် အလှူ ငွေကျပ်(၅)သိန်းကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းကာ သံဃာတော် များအပါအဝင် စေတနာ့သွေးအလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းနိုင်ရေး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်း၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်တို့နှင့်အတူ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းနှင့် တပ်ဖွဲ့ဝင်များ၊ သူနာပြုဆရာမများ၏ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေနှင့် သွေးလှူဒါန်းရှင်များ၏ သွေးဖောက်ထုတ် လှူဒါန်းမှုတို့ကို အားပေးကြည့်ရှုခဲ့ကြပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)