ဟုမ္မလင်း  ၂၀   ဒီဇင်ဘာ

 

 (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့သည်။

 

3

 

ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သတ်၍ မြို့နယ်ဉီးစီးမှူး ဒေါ်ကြည်ကြည်က ရှင်းလင်း ပြောကြားခဲ့သည်။အဆိုပါ ပြိုင်တွင် ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ G-1 (၃၅)ဉီး၊ G-2 (၁၃)ဉီး၊  စုစုပေါင်း (၄၈)ဉီးက စိတ်ကြိုက်၊ ပန်းချီများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

6

 

အလားတူ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျောင်းသား/ကျောင်းသူများ G-3 ၊G-4 ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဆုပေးပွဲကို ဇန်နဝါရီ ၂ ရက်နေ့တွင် ဆုများချီမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)