နေပြည်တော် ၄ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းတို့၌ ကျင်းပသည်။

ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အားပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ အားကစား ပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်