ကျောက်တံခါး ၁၅ ဒီဇင်ဘာ  

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၂၄)ဦးက "သွေးချင်းချစ်ကြည် လက်ချင်းယှက် လွတ်လပ်ရေးသည် ဒို့အသက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးသား ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂၁)ဦးတို့အား မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဆရာဆရာမများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)