မိုးမိတ် ၂၀ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၂)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ၂၀ ရက်ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဌေးက ဒီဇင်ဘာ ဆောင်းနှင်းများရဲ့အောက်မှာ ကျောင်းသား/ကျောင်းသူလေးများ၏ စိတ်ဓာတ်များကိုရွှင် လန်း တက်ကြွစေပြီး စသင်နှစ် တစ်နှစ်တာမှာ ဘက်စုံထူးချွန်သော လူရည်ချွန်များထွက်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်ဟုပြောသည်။

ကျောင်းသားသူများကို သူ့အတန်းနှင့်သူ အားကစားနည်း ၁၅ မျိုးထဲမှ မိမိတို့ကြိုက်နှစ်သက်ရာ အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်စေပါတယ် (ဉပမာ)ဆိုရင် မုန့်စားပြိုင်ပွဲ ၊ ဘောလုံးကောက်ပြိုင်ပွဲ ၊ KGကလေးငယ်လေးများ၏ ပူစိဘောင်း ဖောက်ပြီးပြေးရတဲ့ကစားနည်းတွေမှာ ဆိုရင် ကလေးတွေလဲပျော်သလို ကျွန်မတို့ဆရာမတွေလဲပျော်ရွှင်ကြည်းနူရပါတယ်ဟု၊ KG တန်းသင် ဆရာမတစ်ဦးက ပြောသည်။

မိုးမိတ်သား(စည်သူဌေး)