နေပြည်တော် ၂၂ ဇန်နဝါရီ 

 

နေပြည်တော်ရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အများပြည်သူများ ကြည့်ရှုအားပေးနိုင်ရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီတွင် နေပြည်တော် မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဂုဏ်ပြုဖျော်ဖြေပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယိမ်းအကအလှများကို အခမဲ့ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အများပြည်သူများ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

 

မောင်မောင်မျိုး