ကော့သောင်း  ၁၉   ဇန်နဝါရီ

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မူကြိုအဆင့် ကဗျာရွတ်ပြိုင်ပွဲအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဇန်နဝါရီ ၁၉ ရက်နေ့နံနက်ပိုင်းက  ပြုလုပ်ကျင်းပသည်။

 

DSC04685.JP

 

ရှေးဦးစွာ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်နန္ဒာဦးက ကဗျာရွတ်ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အေးမြကန်သာရပ်ကွက်၊ မိသားစုကိုယ်ပိုင်မူလတန်းကြို ကျောင်းသား ကျောင်းသူများက မိမိကြိုက်နှက်သက်ရာ ကဗျာများရွတ်ဆို ပါဝင်ယှဉ်ပြိုင်ကြပြီး Woman Club အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စီစစ်အကဲဖြတ်အမှတ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဆုလက်ဆောင်ပစ္စည်းများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)

 

DSC04691.JP