သံတွဲ ၂၇ ဒီဇင်ဘာ 

 

သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်၁၁နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre)တွင် ကျင်းပခဲ့သည်။

 

1

 

အခမ်းအနားတွင် ခရိုင်ဦးစီးအရာရှိ ဦးမြင့်ရွှေက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်း များကိုရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုကျင်းပရာ မြုံချောင်ရွာဟောင်းမှ ကျောင်းသား ၊ ကျောင်းသူလေး ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

4

 

ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့်ကျောင်းသား ၊ ကျောင်းသူလေးများကို  ခရိုင်ဦးစီးအရာရှိ ဦးမြင့်ရွှေက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

 

သန့်ဇင် (ခရိုင်ပြန်/ဆက်)