မုံရွာ ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီ းအားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ (၅)ကီလိုအပြေးပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇန်နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်သူများကို ဆုချီးမြှင့်မှုအနေဖြင့် ပထမဆုကို ငွေကျပ် (၃)သိန်း၊ ဒုတိယဆု ငွေကျပ်(၂)သိန်း၊ တတိယဆု ငွေကျပ်(၁)သိန်း၊ စတုတ္ထ မှ ဒဿမအဆင့်အထိ ငွေကျပ် ၅ဝဝဝဝ နှုန်း၊ အဆင့်(၁၁)မှ (၂ဝ)အထိ ငွေကျပ် ၃ဝဝဝဝ နှုန်း၊ အဆင့်(၂၁) မှ (၅ဝ)အထိကို ငွေကျပ် ၁ဝဝဝဝ နှုန်း ဖြင့်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်သူများအနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့နံနက် ၅ နာရီခွဲအချိန်တွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ပြိုင်ပွဲကျင်းပမည့်နေရာသို့ အရောက်လာရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ ကြော်ငြာထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)