ရန်ကုန် ၁၀   ဖေဖော်ဝါရီ 

 

(၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ အခမ်းအနားကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မွန်အများသားနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မနီလာခင်နှင့် ကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံ၊ မွန်တိုင်းရင်းသားအလံနှင့် မွန်အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက်လာ သူများနှင့်အတူ အလေးပြုကြသည်။

 

588963

 

ထို့နောက် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည့် သဝဏ်လွှာကိုကျင်းပရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ - ၃ ရာမည မိုးပန်းမွန်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့သော သဝဏ်လွှာကို အတွင်းရေးမှူး မင်းရာဇာထွဋ် တို့ကဖတ်ကြားခဲ့ကြသည်။

 

ထို့နောက် မွန်စာပေနှင့် မွန်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်က ကော်မတီ၏ လှုပ်ရှား ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး အခမ်းအနားကို  ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက် ကျင်းပခဲ့ကြသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)